သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းသည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး / ထုတ်လုံဌာနခွဲတာဝန်ခံ ၊ လက်ပံတန်းမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၁၈ရက်နေ့ ၊ နံနက်ပိုင်း က လက်ပံတန်းမြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင်များအတွင်း သိုလှောင် ၊ ဖြန့်ဖြူးရောင်းချနေသော အမှတ်တံဆိ
စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ ဦးဆောင်၍ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများဖြင့် ဧပြီလ ၇ရက် နေ့တွင် မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသာ ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသဆေးဝါးများ ၊ စျေးနှန်းမြင့်တက်မှုမရှိစေရေး ၊ အရည်အသွေးမီသော ဆေးဝါးများကိုသာ ရောင်းချမှုရှိစေရေး ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တာဝန်ခံ ဒေါ်တင်တင်စန်းဦးဆောင်၍ ကျောက်တံခါး မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ကေျာက်တံခါးမြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်း ရောင်းချနေသာ အရောင်းဆိုင်များအား ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဒုခရိုင်ဦးစီးမှူးသည် ညောင်လေးပင်မြို့နယ် တာဝန်ခံ ၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ညောင်လေးပင် မြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းအတုအပများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။