စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ ဦးဆောင်၍ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများဖြင့် ဧပြီလ ၇ရက် နေ့တွင် မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသာ ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသဆေးဝါးများ ၊ စျေးနှန်းမြင့်တက်မှုမရှိစေရေး ၊ အရည်အသွေးမီသော ဆေးဝါးများကိုသာ ရောင်းချမှုရှိစေရေး ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် စျေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ သက်တမ်းလွန်ဆေးဝါးများ သွယ်ဝိုက် ရောင်းချခြင်းများအား ရှောင်ကြဉ်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)