
(၂၅.၉.၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဝန်ထမ်း ( ၂ ) ဦးနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကလေးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ဆီဆိုင်များတွင် ပဲဆီနှင့် နှမ်းဆီများကို ဈေးကွက်အတွင်း ရောနှော၍ လိမ်လည်ရောင်းချမှုများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်းဆီဈေးကွက်အတွင်း မြေပဲဆီနှင့် နှမ်းဆီစားသုံးမှု မြင့်တက်လာသည့်အပေါ် အခွင့်ကောင်းယူပြီး နာမည်ရရှိပြီးသော အမှတ်တံဆိပ်အချို့အနေဖြင့် ဆီအရောအနှောများပြုလုပ်ရောင်းချနေသည့်အပေါ်တွင် စားသုံးသူပြည်သူများအနေဖြင့် မြေပဲဆီနှင့် နှမ်းဆီစစ်စစ်ထက် ရှောနှောဆီများကြောင့် ဆီချေးနံ့နံခြင်း၊ အနံ့မမွှေးခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အတွက် ကလေးမြို့ပေါ်ရှိ၊ အောင်မြေမာန်ရပ်ကွက်၊ အောင်ဇေယျ ရပ်ကွက်နှင့် သဇင်ရပ်ကွက်အတွင်းရှိ စားသုံးဆီရောင်းဆိုင်များတွင် ရောနှောဆီများ ရောင်းချမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးဆီများရောင်းချရာတွင် မိမိရောင်းချသည့် အမှတ်တံဆိပ်ပေါ်တွင် ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားများတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ပြီး အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိရသည့် စားသုံးဆီများကိုသာ ရောင်းချရန် ပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
