သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၁၅.၃.၂၀၂၂ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့ ၌ ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day ) အား ဂုဏ်ပြုသောအားဖြင့် “ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ (Fair Digital Finance)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးမှ စားသုံးသ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်စားသုံးသူရေးရာဌာနမှဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် (၁၂-၃-၂၀၂၂) ရက်နေ့၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန(Community Center)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် စည်ပင်ဝန်ထမ်းများနှင့်အတူ ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁;၀၀)နာရီအချိန်တွင် သွားရောက်၍ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊မတ်လ ၁၄ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာတွင်းရှိ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။