သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေး အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းစိမ်းထွေးနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ မြို့သစ်စျေးအတွင်းရှိ ကုန်စ
တိုင်းရင်းဆေးပညာဦးစီးဌာနမှ အများပြည်သူသုံးစွဲရန် မသင့်သောဆေးဝါးဖြစ်ကြောင်း ကြေညာထားသည့် အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေးများနှင့် Online ပေါ်တွင်ရောင်းချနေသည့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ရာတွင် လိုက်ပါဆောင်ရွက်ပေးနိုင်ပါရန် တိုင်းရင်းဆေးပညာဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး များ၏ ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တော
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး နှင့် ဝန်ထမ်းများသည် (၂၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နန်းတော်ကုန်းကျေးရွာရှိ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင် ၇ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကို ကောက်ယူလျှက်ရှိရာ တောင်ငူ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်တမ်းမေးခွန်းလွှာ အစောင် ၅၀ ကို မြို့နယ်လေးခုတွင် ကောက်ယူခဲ့ရာ
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် ၂၃.၅.၂၀၂၂ ရက်နေ့တွင် ဆန်၊ ပဲ၊ ပြောင်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။