သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် (၁၆.၅.၂၀၂၂) ရက်နေ့ ၊ နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်၊ ဝေါမြို့မဈေးတာဝန်ခံ ဦးအောင်ကျော်ရွှေ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ဝေါမြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသောဆိုင်များသို့သွားရောက်၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီ
ပဲခူးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BRCCI) ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ၂၀.၅.၂၀၂၂ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ပဲခူးခရိုင်အတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကိုယ်စားလှယ်များနှင့် Zoom Virtual meeting စနစ်ဖြင့်
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မင်းလမ်း ဝဲ/ယာရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ မေလ(၂၄)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်ထိုက်ရွှေရည် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်များ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးအတွက်၂၀၂၂ခုနှစ်၊မေလ(၂၀)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။