သတင်းနှင့် လှုပ်ရှားမှုများ
အသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျှက်ရှိသော ချိန်းလင့်ခ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက စက်ပစ္စည်းအတွက် ရင်းနှီးမတည်ငွေ သိန်း၁၅၀ခန့် ရင်းနှီးမြှပ်နှံရကြောင်း၊ ချိန်းလင့်ခ်လုပ်ငန်းထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် သွပ်နန်းကြိုးများကို ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် ၁၅ပိဿာရှိသော သွပ်နန်းကြိုးခွေ တစ်ခွေလျှင် ၅၄၀၀၀ကျပ်ဖြင့် ဝယ်ယူပြီး ကုန်ချောအဖြစ် ချိန်းလင့်ခ်ဇကာအကွက် အစိပ်၊အကျဲပုံစံ အမျိုးမျိုး ထုတ်လုပ်နိုင်ကြောင်း လေ့လာမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့်မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်တို့သည် မင်းဘူးမြို့အတွင်း မြေဧက(၂၀)ပေါ်တွင် ဆောက်လုပ်ထားရှိသည့် နဂါးနီပလပ်စတစ် ထုပ်ပိုးပစ္စည်းစက်ရုံသို့ (၅.၁.၂၀၂၂)နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ စားသုံးသူများနေ့စဉ်ဝယ်ယူသုံးစွဲလျှက်ရှိသော ငရုတ်သီး အကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်းအစရ
မွန်ပြည်နယ် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ /ဝန်ထမ်းများ (စားသုံးသူရေးရာဦးစီးဌာန)၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို ၃၀.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းဟောင်းများ/ဝန်ထမ်းများ (စားသုံးသူရေးရာ) စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၅.၁.၂၀၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၈)ဦးအားဖိတ်ကြား၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း ဦးဆောင်၍ (၅-၁-၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စစ်တွေမြို့မင်းဂံရပ်ကွက်ဈေးအတွင်း စားသုံးဆီရောင်းချသူများသို့ စားသုံးသူအကာအကွယ်ပေးရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil,Cooking Oil) များတွင် ကုန်စည်၏အမျိုးအမည်များ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(ခ)အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်း