သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စျေးကွက်အတွင်းရှိ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီစွာဖော်ပြပါ ရှိစေရန်ရည်ရွယ်၍ ယိုမျိုးစုံအား ၂၀၂၅ခုနှစ်၊ မတ်လ(၁၉)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ(၇၈)ပေပါသည် (၁.၄.၂၀၂၅)ရက်နေ့တွင် ယာဉ်အမှတ်(5S-9017)ဖြင့် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ ၎င်းစားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူ ပြည်သူများသို့ ခွဲဝေဖြ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် လိုအပ်သော ဆန်များအား မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ မှာယူလျက်ရှိကြောင်းသိရှိရပါသည်။ အဓိက ဧရာဝတီတိုင်းမှ ဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ရတနာခိုင်ထွန်း(၇) ရေယာဉ်ဖြင့် ဧရာဝတီတိုင်း၊ ဒေဒရဲမြို့နယ်မှ တင် ဆောင်လာသော ဆန်အိတ်၃၀၀၀ နှင့် Mv အောင်တက်တိုးရေယာဉ်ဖြင့် ဧရာဝတီတိုင်း၊ ကျိုက် လတ်မြို့နယ်မှ တင်ဆောင်လာသော ဆန်အတ်၉၀၀၀ တို့သည် မြိတ်မြို့သို့ရောက်ရှိလာခဲ့ က

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းစေရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရန် အတွက် ၂၀၂၅ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းရှိ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတွင် လင်းအမှတ်တံဆိပ် ဘက်စုံသုံးဆပ်ပြာဆီလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိနိုင်ရေး အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီတိုင်းဒေသကြီးဆန်စပါးကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
