
မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ဆေးဝါးဌာနခွဲ)သည် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၄.၆.၂၀၂၆)ရက်နေ့တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင် (၁၀)ဆိုင်နှင့် အလှကုန်ဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးဆိုင်များတွင်လည်း တရားမ၀င်ဆေးဝါး၊စံမညီဆေးဝါး၊ သက်တမ်းလွန်ဆေးဝါး၊ဆေးဝါး အတုများနှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်FDA၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆေးဆိုင်များ အလှကုန်ဆိုင်များနှင့်စျေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း ဆေးဝါးရောင်းချခွင့်စစ်ဆေးခြင်း၊ FDA ထောက်ခံချက် သို့မဟုတ် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ် (Myanmar Registration Number) မပါဝင်သော ဆေးဝါးများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်နေသော ဆေးဝါးများနှင့် ဆေးပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် အလွဲသုံးစွဲနိုင်သည့် ကန့်သတ်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးများ အာနိသင်မပျက်ပြယ်စေရန် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice)နှင့် အညီ သန့်ရှင်းရေး၊ လေဝင်လေထွက်နှင့် အပူချိန်စနစ်တကျ သိုလှောင်ထားရန်စစ်ဆေးခြင်း၊ အလှကုန်များနှင့် စစ်ဆေးဆောင်ရွက်ရာ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော (သို့မဟုတ်) ပြဒါး (Mercury) နှင့် Hydroquinone ကဲ့သို့ ဘေးဥပါဒ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်များ ရှိ/မရှိ စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများတွင် အခြေခံအသိအမှတ်ပြု အကြောင်းကြားစာ (Notification) သို့မဟုတ် FDA ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း ရက်လွန်ပစ္စည်းများနှင့် အရည်အသွေးပျက်စီးနေသော အလှကုန်များ ရှိ/မရှိ စစ်ခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်ပစ္စည်းများကို စနစ်တကျ စိစစ်ဝယ်ယူရန်လိုအပ်ပြီး စားသုံးသူများအနေဖြင့်လည်း FDA ထောက်ခံချက်နှင့် သက်တမ်းကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူရောင်းချသင့်ကြောင်း ဆိုင်ရှင်များက သတ်မှတ်ချက်များကို လိုက်နာရောင်းချကြောင်းတွေ့ရှိရပြီး၊ လုပ်ငန်းရှင်လိုက်နာရမည်တာဝန်နှင့် တားမြစ်ချက်ကို အသိပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရဝတီ)
