သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင် ခရိုင်ဦးစီးမှူး ဒေါ်ခင်နွဲ့မူဆွေဦး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်နှင့်ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့၊ နံနက် ( ၁၀ ၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁) ဈေးကြီး၊ ဓမ္မာရုံ၌၊ မော်လမြိုင်မြို့ အမှတ်(၁)ဈေးနှင့် မြိုင်ရတနာ၄ထပ်ဈေးမှ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှ

၁၉.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနား ခရိုင်ဦးစီးမှူးတို့နှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှု နှင့်သုတေသနဌာနခွဲရှိ ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ် ရှတောင်ကျေးရွာ တွင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းရုံးတွင် လျှော်ဖြူစိုက်ပျိုး တောင်သူများ၏ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ တင်ပို့ရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်

၂၃.၃.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးအောင်မောင်းသည် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးကျော်စွာဝင်းနှင့်အတူ ပဲခူးမြို့ ကန်တော်ကြီးသစ်တောကြိုးဝိုင်းအနီးရှိ (Bago art group) ပဲခူးလက်မှုအနုပညာ အသင်းမှ ဥက္ကဌဦးဝင်းနိုင်နှင့် အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့အားတွေ့ဆုံ၍ ပဲခူးလက်မှုအနုပညာအသင်းအနေဖြင့် လက်မှုထည်နှင့် ပရိဘောဂလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံသစ်ကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိရေးရည်ရွယ်၍ မန်ဂျန်ရှားသစ

၂၃.၃.၂၀၂၀ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာနမှဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးကျော်စွာဝင်းနှင့်အတူ သနပ်ပင်မြို့နယ်ရှိစိန်သရဖူဆန်စက်နှင့် ကဝမြို့နယ်ရှိ မြသဇင်ဆန်စက်တို့အား ဆန်သိုလှောင်ထားရှိမှုနှင့် ကြိတ်ခွဲနေမှုများအားကြည့်ရှုစစ်ဆေးပြီး ဆန်များ ပြန်လည်အပ်နှံရေး လုပ်ငန်းစဉ်အတွက် အချိန်မှီအပ်နှံနိုင်ရေးညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၁၆.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင် အစားအသောက်နှင့်ဆေးဝါး ကွတ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မံစီမြို့နယ် မံစီစည်ပင်သာယာဈေးသို့ သွားရောက်၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားအသောက်များ တွင် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်း (၇)မျိုး ပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
