သတင်းနှင့် လှုပ်ရှားမှုများ
ကရင်ပြည်နယ် မြဝတီမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းဇော်( ခရိုင်ဦးစီးမှူး)နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ မြဝတီမြို့နယ်၊ စပ္ပါလိုက်ကျေးရွာနှင့် ထီးချားရားကျေးရွာရှိ ကျေးလက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူတိုင်း ရရှိနိုင်သည့် စားသုံးသူအခွင့်အရေးများ နှင့်လိုက်နာရမည့်တာဝန်များလည်းရှိက

၂၀၂၀ပြည့်နှစ်၊ မတ်လ (၃) ရက်နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် (၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

၁၅-၃-၂၀၂၀ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် “ကုန်စည်လုံခြုံစိတ်ရမှုအစ ကုန်အညွှန်းအမှတ်အသားက" ခေါင်းစဉ်ဖြင့် အသိပညာပေးမီဒီယာကမ်ပိန်းကို စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ အဓိကနေရာများတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြောင်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြဝတီမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂)ရက်နေ့ ၊ နေ့လယ် (၁)နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းရှင်များအသင်းမှ ဉက္ကဌ ဦးမင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြဝတီမြို့ နယ်စပ်ကုန် သည်ကြီးများအသင်းမှ ဉက္ကဌ ဒေါ်သင်းသင်းမြတ်၊ မြဝတီမြို့ရှိ ပြော

(၂၉ .၂.၂၀၂၀)ရက်နေ့မှ (၂.၃.၂၀၂၀)ရက်နေ့အထိ ပြသသော ရန်ကုန်မြို့ သာကေတ မြို့နယ် မင်းနန္ဒာလမ်းရှိ Fortune Plaza ရှိ Myanmar Expo ခန်းမတွင် ကျင်းပသော မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးသန်းဦး (ဒုတိယပြည်နယ်ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဒေသထွက်ကုန်ပြခန်းကို ခင်းကျင်းပြသခဲ့ပါသည်။ ပြခန်းတွင် ကရင်ပြည်နယ်ဒေသထွက်ကုန်များဖြစ်သော ရာဘာ၊ ကွမ်းသီးနီ၊ ကွမ်းသီးဖြူ၊ ဝဉခြောက်၊ ဝဉအစို၊
