သတင်းနှင့် လှုပ်ရှားမှုများ
၁။ ယခုအခါ တိုးတက်လာသော ခေတ်နှင့်လျှော်ညီစွာ Online Shopping လုပ်ငန်းများ များပြာစွာ ပေါ်ပေါက်လာပါသည်။ ထိုကဲ့သို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများရှိသကဲ့သို့ မမှန်မကန် တာဝန်ယူမှုမရှိသော လုပ်ငန်းများ၊ ပြန်လည်ဆက်သွယ်၍မရရှိသော လုပ်ငန်းများ ရှိနေသည့် အတွက် စားသုံးသူရေးရာဦးစီးဌာန Website Complaint System နှင့် CICC Facebook Page သို့ တိုင်ကြားမှုများ၌ အချို့သော ကိစ္စများတွင် ဖြေရှင်းပေးရန် အခက်အခဲများ တွေ့ကြု

မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကို ၁၀.၉.၂၀၁၈ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ထို့နောက် မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် GRO Myanmar Project Director Ms.Sarah Elizabeth Constance မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကျိုင်းတုံမှ ဝန်ထမ်းများ သည် (၇.၉.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စုံစမ်းထောက်လှမ်းခြင်းနှင့် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကြိုတင်အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါတယ်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကျိုင်းတုံမြို့မစျေ

ကသာခရိုင်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၂၉)ရက် ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ကျင်းပပြု လုပ်ခဲ့ရာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦး၊ အခြားတက် ရောက်သူ (၄)ဦး၊စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ပါသည်။

၂၀၁၈ခုနှစ် ၊စက်တင်ဘာလ ၄ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ Tuesday Talk အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွန်ကြားရေးမှူး ဦးဆွေတင်ကြူးမှ Consumer Redress System in KOREA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေအေးလွင်မှ ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများထိခိုက်နစ်နာမှုလျော့ပါး သက်သာစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီမံခန့်ခွဲဆောင်ရွက်မှုအချက်အလက်များ လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်
