သတင်းနှင့် လှုပ်ရှားမှုများ
ယခုတစ်ပတ်အတွင်း အောင်ပန်းစျေးကွက်နှင့် ဟိုပုံးစျေးကွက်တို့တွင် ချင်း(စို) စျေးနှုန်းမှာ ယခင်အပတ်အတွင်းစျေးကျသွားသော်လည်း ယခုတစ်ပတ်အတွင်းတွင် တစ်ပိဿလျှင် ၁၀၀ိ/ မှ ၃၀၀ိ/ အထိ စျေးနှုန်းမြင့်တက်လာပါတယ်။ ပြည်ပတင်ပို့ဖို့ရှိသည့်အတွက် စျေးတက်လာခဲ့ကြောင်း သိရပါတယ်။ ချင်းဥမ တွေက လက်ကျန်သိပ်မရှိတော့ပဲ အဝင်နည်းပါးနေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ အတွက် စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် ဝယ်လက်တွေက အဝယ်ရှိနေသလို အိန္ဒိယကို တင်ပို့ဖို့အတွက် တမူးဝယ်လက်တွေကလည်း ဝယ်ယူနေတယ်လို့

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့အား CPF- Senior Consultant ဖြစ်သူ Mr.Seiichi Sasaki၊ GGGI-Myanmar Programme Officer နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် မြန်မာနိုင်ငံတွင် (၅)နှစ်စာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင်းဖွံ့ဖြိုးမှုဆိုင်ရာ Country Planning Framework(CPF) ရေးဆွဲပြုစုနိုင်ရေးအတွက် ဌာန၏တာဝန်နှင့် ၀တ္တရားများ၊ လက်ရှိ အကောင်အထည်ဖော်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့၌ (၉.၈.၂၀၁၈) ရက်နေ့တွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

တမူးမြို့သို့ အုန်းသီးများကို မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၏ ကျေးရွာများဖြစ်သည့် နတ်ချောင်း၊ ထိုမာ၊ သာစည်ကျေးရွာများမှလည်းကောင်း၊ ရန်ကုန်မြို့ထွက်အုန်းသီးများ တမူးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း၊ အုန်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလ ( ၂၇/၂၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အုန်းသီးမျော ပွဲတော်အတွက် ကြိုတင်ဝယ်ယူစုဆောင်းနေပြီဖြစ်ကြောင်းသိရှိရပြီး ယခုကာလတွင် ဝင်ရောက်မှု အစဖြစ်သောကြောင့် တစ်ရက်လျှင် အုန်းသီး အလုံးရေ (၅၀၀၀) ခန့် ဝင်ရောက်လျှက်ရှိပါက

ကလေးမြို့တွင် ယခုလက်ရှိ နိုင်ငံခြားသို့ နွားတင်ပို့မှုတွင် ကုမ္ပဏီ JT Kalay Company Limited နှင့် Wai Hlan Oo Company Limited ( ၂ ) ခု တည်ထောင်ပြီး၊ ကလေးမှ မူဆယ်သို့ နွားများတင်ပို့ရန် ယာယီစုဆောင်းနေဆဲဖြစ်ပြီး JT Kalay Company Limited မှ ၆/၂၀၁၈ လအတွင်း တရုတ်နိုင်ငံသို့ နွားအကောင် ( ၁၀၀ ) တင်ပို့ရောင်းချပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် နွားများကို စုဆောင်း လျှက်ရှိရာ မျှောစာရရှိရေးဆောင်ရွက်လျှက်ရှိကြောင်း၊ မျှောစာကြပါက ကုမ္ပဏီ (၂) ခုတွင် နွားများ တင်ပို့မည့် အခြေအနေသို့ ရောက်ရှ
