သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) အစည်းအဝေး ခန်းမ၌ (SDCCI) မှ အလုပ်အမှုဆောင်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ် လ ၃ရက်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် (SDCCI)မှ နာယက၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောက်စိမ်းအချောထည်၊ ဂစ်တာ၊ ရက်ကန်း၊ ကြိမ်ထည်၊ ငွေထည်ကြ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Senior Deputy Representative ဖြစ်သူ Mr. Kim Jihoon ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓါတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် (Traceability System on Rice Moisture Measurement in Myanmar) တည်ထောင်ရေးစီမံကိန်း ကို စားသုံးသူရေးရာဦးစီးဌာန၊ သုတေသန်နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ JICA နှင့် Kett Electric Laboratory တို့ပူးပေါင်း၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ် ၊ ဇွန် ၂၁
