သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘော ထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော် ဒီဇင်ဘာ ၁၈
Consumer Complaint Management System သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ရုံးအမှတ်(၅၂) နေပြည်တော်၌ (၁၈.၁၂.၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်က အဖွင့်အမှာ စကားပြောကြားပါသည်။

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင်ရွက်ရန် ညွှန

နေပြည်တော်၊ နိုဝင်ဘာ ၁၅
“မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။
