
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။