Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 May 2025

     ပုသိမ်မြို့ဧရာရွှေဝါခန်းတွင် ဧပြီလ ၁ ရက်နေ့၊နေ့လယ်(၁၂)နာရီတွင် မြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား၇.၇ ရပ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့ဝင်များ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ

02 May 2025

      ၂၀၂၅  ခုနှစ် ၊ ဧပြီလ ၂ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

29 Apr 2025

    စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက် နံနက်(၀၈:၀၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

29 Apr 2025

    စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၈)ပေပါ(သို့) (၁၉၈၀) ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

29 Apr 2025

   စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လုပ်ငန်းရှင်ပေါင်း ၄၃ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၁၆ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၂၂ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၅၆ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages