
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ် အသီး သီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့အတွင်း (၂-၄-၂၀၂၆) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ကိုးသုံးလုံး အာလူးကြော်လုပ်ငန်းနှင့် ရွှေပြည့်စုံ လက်ဖက်လုပ်ငန်း, (၉-၄-၂၀၂၆) ရက်နေ့နှင့် (၁၀-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းင စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)၊ (၂၄-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်ရှိ စားသောက်ဆိုင်များသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် စားသုံး သူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်းနှင့် Consumre Call Center (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
