သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးမှဦးမြင့်ဌေးသည် (၂.၅.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၂:၀၀)နာရီက လပွတ္တာမြို့၊အမှတ်(၇)ရပ်ကွက်၊နန္ဒဝန်ဈေးရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မေလ၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီဖြန့်ဖြူးခြင်းဆိုင် ရာကိစ္စရပ် များနှင့်စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည်(၂.၅.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ရွှေစင်အမှတ်တံဆိပ်ရွှေစင်င်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း များ ခိုင်မာတိုးတက်စေရေးရည်ရွယ်၍ (၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖြူတောင်အနီးရှိ မယ်ဆု စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေပါကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်း လင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားအုန်းဆီများကို ရန်ကုန်တိုင်း ဆီကုမ္ပဏီများမှ ခွဲတမ်းရရှိခဲ့ပြီး မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ ၂၀၂၅ခုနှစ်၊ မေလ(၄)ရက်နေ့ တွင် စားအုန်းဆီပေပါ(၃၇၃)သည် ထားဝယ်မြို့ရှိ MV ဝိသာခါရေယာဉ်ဖြင့် သယ်ယူ၍ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
