Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2025

          စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၇.၅.၂၀၂၅ ရက်နေ့တွင်          မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက် အတွင်းရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

09 May 2025

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်း၍ စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်ကို စက်သုံးဆီတင်သွင်း/သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကို (၂-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

09 May 2025

          ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ နံနက် ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၈)ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၄၉) ပေပါ၊ စုစုပေါင်း (၉၇) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍

09 May 2025

       ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၂၂၅)၊အိတ်ရေ(၄၅၀၀) အား MV စီးပွားအောင် စက်လှေဖြင့် (၂၉.၄.၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်းသိရှိရပါသည်။

09 May 2025

     ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့  ၁၅:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင် တခင်စစ် ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages