Main menu

ကျိုက်လတ်မြို့နယ်ရှိ ငွေစင်္ကြာဆန်စက်သို့  MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

       ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ဦးကျော်စိုးလွင် ပိုင်ဆိုင်သော ငွေစင်္ကြာ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဆန်/စပါး ဈေးနှုန်းဈေးကွက်အခြေအနေ၊ Myro သက်တမ်းတိုးဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေပြင်ဆန်/စပါး လက်ကျန် အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ပြီး ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ စပါးသိုလှောင်ထားရှိမှု အခြေအနေတို့ကိုပါ ကွင်းဆင်းစိစစ်ခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)