သတင်းနှင့် လှုပ်ရှားမှုများ
၂-၅-၂၀၂၅နေ့ နံနက် (၁၀:၃၀) အချိန်တွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် အဖွဲ့သည် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင်ငွေကြေးလိမ်လည်မူပတ်သက်၍ CICCသို့တိုင်ကြားမူအား ပဏာမ ကွင်းဆင်းစစ်ဆေးခဲ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်ရှိ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ ၁-၅-၂၀၂၅ ရက်နေ့က နွေရာသီအကုန် မိုးအကူး ကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရန် ခြင်၊ ယင် ကင်းဆင်စေရန် ရုံးတွင်း/ပြင် သန့်ရှင်းရေးဆောင်ရွက်မှု ပြုလုပ်ခဲ့ကြသာ်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ခရိုင်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ မေ (၃) ရက်နေ့ တွင် မအူပင်မြို့ပေါ်ရှိ စက်သုံးဆီအရာင်းဆိုင် (၇)ဆိုင် သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း အမျိုးအစားပေါင်း (၂၀) ကို FDA Myanmar ထုတ်ပြန် ထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနဆို့ပူးပေါင်း၍ မြို့နယ်တွင်းရှိ အလှကုန်အရောင်းဆိုင်များကို လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

၄.၅.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၃၀)အချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ရောနှောဆီရောင်းချမှု ရှိသဖြင့် ရောနှောဆီရောင်းချသော မြို့မဈေးအတွင်း လုပ်ငန်းရှင်ထံ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
