
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး စသည့် ပူးပေါင်းအဖွဲ့သည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ၊ အစားအသောက်ချက်ပြုတ်သည့် မီးဖိုချောင်များ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြထားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစားအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
