သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မစည်ပင်သာယာ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်ရောင်းချသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်လေးပင်ခရိုင် တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူးဦးရဲမင်းထွဋ်၊ စစ်ဆေးရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ အငယ်တန်းစာရေး များဖြစ်ကြသော ဒေါ်ဝါဝါအောင်နှင့် ဦးနေမျိုးဝင်းတို့သည် မိတ်ဖက်ဌာနအဖွဲ့အစည်းများနှင့်အတူ ညောင်လေးပင်မြို့မဈေး အတွင်းရှိကုန်စုံဆိုင်

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၅.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စုရှိ “လင်းရောင်ဦး”ဆန်စက်လုပ်ငန်းရှင် ဦးသန်း လွင်နှင့်တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် နွယ်ချို(၁) ရပ်ကွက်၊ လမ်း(၂၀)တွင် တပိုင်တနိုင် ငါးမုန့်ခြောက်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ဒေါ်မျိုးမျိုး မုန့်ခြောက်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံး ၊ ဝန်ထမ်းများက မုန့်ခြောက်ထုတ်လုပ် နေမှု အားသွားရောက်မေးမြန်းခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၆.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)အချိန်တွင် လေးမျက်နှာမြို့၊ခမောက်စုကျေးရွာ၊ဈေးဟောင်းပိုင်းရပ်ကွက်ရှိ လင်းလက် မုန့်ဖတ် လုပ်ငန်း၌ ဒေသတွင်းမုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
