Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 May 2025

    မအူပင်ခရိုင် ၊ မအူပင်မြို့နယ်တွင် စားသောက်ကုန်ရောင်းချသော လုပ်ငန်းများ၏  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ မအူပင်မြို့နယ်အတွင်း စားသောက်ဆိုင်လုပ်ငန်း(၁၂)ဆိုင်သို့ (၅-၄-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

12 May 2025

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှ

11 May 2025

သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်း အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် တပေါင်းကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းပါးအပ်ပါသည်။

09 May 2025

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

09 May 2025

           စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်  မိတ္ထီလာမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ အား ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါသည်။

Pages