Main menu

ပို့ကုန်တင်ပို့နိုင်မှု တိုးမြှင့်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

 

    နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေးနှင့် ကုန်သွယ်မှု တိုးမြှင့်လာစေရေးတို့အတွက် မြိတ်ခရိုင်ကုန် သွယ်ရေး စခန်းတာဝန်းရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ကုန်သွယ်‌ ရေးဦးစီးဌာနရုံးတွင် မြိတ်မြို့ရှိ ဝဥ၊ ကွမ်းသီး၊ သီဟိုဠ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပို့ကုန် တင်ပို့နိုင်မှု တိုးမြှင့်စေရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်ရှိ ကွမ်းသီးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူမှ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် မြိတ်ခရိုင်အတွင်းမှ ထွက်ရှ်ိသော ကွမ်းသီးခြောက်၊ ကွမ်းသီးစိမ်းများအား (၁.၁.၂၀၂၅)မှ (၃၁.၁၂.၂၀၂၆)ရက်နေ့ထိ မြိတ်မြို့မှ ပြည်တွင်း(ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး) များသို့ ကွမ်းသီးခြောက်၊ ကွမ်းသီးစိမ်း (၃၃၈၇၁.၅၉)တန်တင်ပို့နိုင်ခဲ့ကြောင်းနှင့် စျေးနှုန်းကွဲပြားခြင်းတို့ ကြောင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခြင်းမရှိကြောင်း၊ သီဟိုဠ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူမှ ၂၀၂၆ ခုနှစ်တွင် သီဟိုဠ်အထွက်နှုန်းနည်းပါးခြင်းကြောင့် စျေးအနည်းငယ်မြှင့်မားလျက်ရှိကြောင်း၊ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ရာသီအခြေအနေများအားရှင်းလင်းခဲ့ပြီး ဝဥလုပ်ငန်းရှင်များအသင်းမှ တွေ့ဆုံဆွေး နွေးရာတွင် ယခင်က အခြောက်လုပ်ပြီးတင်ပို့ရောင်းချခဲ့သော်လည်း အမြတ်နည်းပါခြင်းကြောင့် တင်ပို့ခြင်း မရှိဘဲ အလုံးအတိုင်း(အကြမ်း)ကိုသာတင်ပို့ရောင်းချခဲ့ကြောင်းဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ တာ ဝန်ခံမှ    ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ပိုမိုစိုက်ပျိုးပြီး ပိုမိုတင်ပို့နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)