Main menu

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်စက်ရုံများအား ဈေးကွက်မရောက်မီ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည့် ပူးပေါင်းအဖွဲ့သည့် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံအား ဈေးကွက်မရောက်မီ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေသည် လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)