Main menu

‌ဒေးဒရဲမြို့နယ်တွင် မုန့်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို(၂၂.၄.၂၀၂၆)ရက်နေ့၊‌ နေ့လယ်(၁၂:၀၀)နာရီ အချိန်က‌ဒေးဒရဲမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
          အဆိုပါဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံက စားသုံးသူအခွင့်ရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသောကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများ နစ်နာမှုရှိပါက DOCA Myanmar application မှလည်းကောင်း၊ Call Centre 1535 သို့လည်းကောင်း၊ ဆက်သွယ်တိုင်ကြားနိုင်‌ကြောင်း ပြောကြားခဲ့ပြီး မုန့်မျိုးစုံလုပ်ငန်းရှင်(၇)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)