သတင်းနှင့် လှုပ်ရှားမှုများ
၄.၄.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း ရှင်များအသင်းမှ အဖွဲ့ဝင် ဦးတင်ရွှေတို့ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၏ စည်ပင်သာယာဈေး အတွင်း/အပြင်ရှိ စည်သွပ်အစားအစာ အမျိုးမျိုးရောင်းချသော ကုန်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့် ကြည့်စစ်ဆေးခြင်း နှင့်ကုန်စည်ပေါ်ရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ဧပြီလ(၃)ရက်နေ့၊ နေ့လယ် (၁၄:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံး၌ ပြုလုပ်သော နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဧပြီလ (၂)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီများထဲမှ နွေဦးကာလအစသို့ ရောက်ရှိလာသည်နှင့်အမျှ အပူချိန်လွန်ကဲမှုကြောင့် အများပြည်သူများသည် အပူဒဏ်ကို အံတုနိုင်အောင် ပန်ကာများကို ဝယ်ယူအသုံးပြုလာကြသည်။ ပန်ကာအမျိုးအစားများထဲမှ အားသွင်းပန်ကာ များဖြစ်သည့် အိတ်ဆောင် Mini Fan၊ Mini Fan၊ Mini Air Cooler၊ Table Fanများ အသုံးပြုသူ များလာကြသည်။ လူအများစုသည် တစ်နေ့တာလှုပ်ရှားသွားလာ၍ လုပ်ငန်းခွင်အတွင်း သယ်ဆောင်ရလွယ်ကူသော အိတ်ဆောင် Mini Fanများ အသုံးပြုသူ များလာပြီး Mini Fan၊ Mini Ai

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ Orange Super Market တွင် အသင့်စားစည်သွပ် အစားအစာအမျိုးမျိုးတို့နှင့် ပတ်သတ်၍ ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ၂၀၂၅ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
