Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2025

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည

09 May 2025

           ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့၊ ညနေ(၁၆း၃၀) နာရီအချိန်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ လမ်းခရီးအခက်အခဲကြောင့် စားဖိုဆောင်သီးနှံများနှင့်ကြက်ဥများနှင့်စားအုန်းဆီများအား ထားဝယ် ဆိပ်ကမ်းမှ (MV ဝိသာခါ) သင်္ဘောဖြင့်ပို့ဆောင်မည်ဖြစ်ရာ ကုန်ပစ္စည်းများတင်ချနေမှုအား စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

09 May 2025

          ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့၊ ညနေ(၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်မှ ‌ရွှေအိုးအမှတ်တံဆိပ် ဟင်းမွှေးမဆလာ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

09 May 2025

 

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။

09 May 2025

            ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ညနေ(၁၆း၃၀) နာရီအချိန်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ လမ်းခရီးအခက်အခဲကြောင့် စားဖိုဆောင်သီးနှံများနှင့်ကြက်ဥများအား ထားဝယ်ဆိပ်ကမ်းမှ (MV လွိုင်ကော်) သင်္ဘောဖြင့်ပို့ဆောင်မည်ဖြစ်ရာ ကုန်ပစ္စည်းများတင်ချနေမှုအားစားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ် ကမ်း အာဏာပိုင်အဖွဲ့တို့မှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။

Pages