သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနဆိုင် ရာများနှင့်ပူးပေါင်း၍ စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၂၈.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန Thursday Talk ဟောပြောပွဲကို ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် virtural ဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဌာနခွဲတာဝန်များနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ )ဦး ခန့် တက်ရောက်ခဲ့ပါသည်၊၊

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦစီးဌာန အစည်းအဝေးခန်းမတွင် ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၃၀) နာရီတွင် (၄/၂၀၂၅) ဝန်ထမ်းထုဒါဘာ အစည်းအဝေးကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း မှ ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြရန်နှင့် အထက်ဌာနလမ်းညွှန်ချက်များကို ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်ကြရန် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အခမ်းအနားကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၄၅) ဦး တက်ရောက်ပါသည်၊၊


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦစီးဌာန အစည်းအဝေးခန်းမတွင် ၂၅.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဦစီးမှူး၊ ပုသိမ်ခရိုင်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပုသိမ်မြို့ပေါ်ရှိ ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ရောင်းချနေသော လုပ်ငန်းရှင်များ ခေါ်ယူတွေ့ဆုံခြင်း အစည်းအဝေးကို ကျင်းပခဲ့ပါသည်၊၊