
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်စက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၁၇.၃.၂၀၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ကိုချစ်ဖွယ်၊ မကြည်ကြည်ဝင်း လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လုပ်ငန်းထုတ်လုပ်လည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လယ်ယာသုံးစက်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သော စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။ ပြည်တွင်းမှလယ်ယာသုံး စက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြားလုပ်ငန်းရှင်များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို လည်းကောင်း၊ ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းအကြောင်းကိုလည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
