သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း သည် ဧပြီလ (၂၇) ရက်နေ့ ၊ နံနက်ပိုင်းတွင် ငပုတောမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ မြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်အတူ ငပုတောမြို့နယ်ရှိ စားအုန်းဆီဖြန့်ခွဲရောင်းချသူ ဆီထုတ် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချ၍ နေ့အလိုက် သတ်မှတ် ထားသော ရည်ညွှန်းဈေးအား အများမြင်သာအောင် ဆိုင်းဘုတ်တင်ထားရန် ၊ ပြည်သူများအတွက် ထုတ်ပေးထားသော ဆီစာအုပ်များအား စနစ်တကျရောင်းချရန် လက်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၂၉ )ရက်မြောက်နေ့အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ထားဝယ်မြို့ မြို့တော်ခန်းမ၌ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး(စားသုံးသူရေးရာ) ဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီသီးနှံအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံကို နှစ်စဉ် ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ဆောင်းသီးနှံစားတော်ပဲကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးထောင့်၊ သံဇလုံ၊ ပဒေသာကျွန်း၊ ရွာသာအေးနှင့် နီးစပ်ရာကျေးရွာတို့တွင် နှစ်စဉ် မြေပဲခင်းများတွင် သီးညှပ်အနေဖြင့်လည်းကောင်း၊ သီးသန့်စိုက်ခင်း အဖြစ်လည်းကောင်း စ