သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကုန်စည်၊ ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ (၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်း မြို့နယ် စည်ပင်သာယာ ဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက် အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ လက်လီ/လက်ကားရောင်းချနေမှု အခြေအနေများကို ဧပြီလ(၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဆန်ကြမ်း၊ ဆန်ချောရောင်းချ သောဆိုင်များသို့ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး၊ ဆန်ပြတ်လပ်မှုမရှိစေရေး ဧပြီလ (၄)ရက် နေ့၊ ညနေ (၁၅:၃၀)နာရီအချိန်တွင် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသောဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြှင့်မှုရှိ/မရှိ အခြေအနေ များအား ဧပြီလ (၄)ရက်နေ့၊ နေ့လယ် (၁၄:၁၅)နာရီအချိန်တွင် ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်အတွင်းရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချနေသော အခြေအနေအား ဧပြီလ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
