သတင်းနှင့် လှုပ်ရှားမှုများ
(၂-၄-၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့နယ်မှ ရန်ကုန်မြို့၊ ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိလာသော MV MCL(14) သင်္ဘောအား အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် ၃.၄.၂၀၂၅ ရက်နေ့ (၁၁:၀၀ မှ ၁၂:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် သာကေတ ဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော MT ဓနသိဒ္ဓိ င်္ဘောရေယာဉ်အား တရားမဝင်ကုန် ပစ္စည်းများတင်ဆောင်ခြင်း ရှိ/မရှိ ၊ လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းများ မရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ၃.၄.၂၀၂၅ ရက်နေ့ (၁၀:၀၀ မှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် သာကေတ ဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော MT ယုဇနမရိန်းအေ့စ် သင်္ဘောရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်း ရှိ/မရှိ၊ လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းများ မရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြပါ သည

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ တို့ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရန်ကင်း မြို့နယ်၊ ရန်ငြိမ်းလမ်း၊ (၆)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဦးအောင်မြင့်မြတ်ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၂၄)၊ သမိန်ဗရမ်းလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဒေါ်အေးမြတ်မွန် (ဆင်ဖြူတော်) ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
