
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကား အရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ် မတ်လ ၁၉ ရက်နေ့ နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်လွင် ဦးစီးအရာရှိက ညောင်တုန်းမြို့နယ် လက်ကားကိုယ်စားလှယ် ၃ဦး မှ စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များအား ဆီဖြန့်ခွဲရောင်းချမှုကို စစ်ဆေးခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်း အမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ခွဲရောင်းချမှုအခြေအနေနှင့် စာရင်းဇယာများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုယ်စားလှယ် လက်လီအရောင်းဆိုင်များဖြစ်သည့် ဈေးအတွင်း ရပ်ကွက်နေပြည်သူများအတွက်လည်း နေ့စဉ်ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီ လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အား စားအုန်းဆီဖြန့်ဖြူးမှုမှတ်တမ်း (၆) မျိုး၊ မှန် ၆မှန်ဖြင့် တိုက်ဆိုင်စစ်ဆေးမည့်အစီအစဉ်များကို ချပြရှင်းလင်းခဲ့ပြီး ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
