သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ထောက်ရှာရိုး၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာ တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို (၃. ၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြော ခြင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။

၂.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့်ဆပ်ပြာခဲ အမျိုးမျိုး တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကုလားတို့) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နေဝင်းရပ်ကွက်၊ အောင်ဆန်းပါတ်လမ်း၊ အညာတန်းဈေးဆိုင်ရှေ့တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥတစ်လုံးလျှင် ၃၆၀ ကျပ်နှင့် အလုံး ၁၀၀၀ ကို လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ၄၈၀ ကျပ်နှင့် အလုံး ၅၀၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ရေကြည်မြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့သည် ပြည်သူများဈေးနှုန်းသက်သာမှန်ကန်စွာ ဝယ်ယူရရှိစေရန်အတွက် ရေကြည်မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ျရှိသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များသည် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
