Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Dec 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် သူနာပြုသင်တန်းကျောင်း ဘားအံမြို့ သို့ သွားရောက်၍ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများကို အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မ

11 Dec 2024

              ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာတာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့တွင် ပဲခူးတိုင်းဒေသကြီးဒေသထုတ်ကုန် အရောင်းစင်တာဖွင့်လှစ်မည့် တောင်ငူမြို့ အမှတ်(၁၄)ရပ်ကွက်၊ နံပါတ်(၁)လမ်းရှိ အဆောက်အဦးအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

11 Dec 2024

      ၂၀၂၄  ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ မောင်မောင်မြင့်လွင်၊ ကိုနှစ်အောင်၊ မိဘမေတ္တာ၊ မြတ်သီရိ၊ မြင့်သော်တာ ဆေးဆိုင်များအား

11 Dec 2024

      ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့် လက်ဝတ်ရတနာပစ္စည်းများ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

11 Dec 2024

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ ကန်ဖျားရပ်၊ မြေနီလမ်းရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း

Pages