သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၄.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်ရှိ အခွန်လွတ်ဈေးရှေ့တွင် ပြည်သူများအား ကြက်ဥ၊ အသား၊ငါးနှင့်စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ခမောက်စုကျေးရွာ၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ “လင်းလက်” မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၀၀) ဦးအား တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးဆောင်ရွက်ရာတွင် သတင်းရရှိမှုမှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်၍ သတင်းရယူရန်နှင့် သတင်းပေးတိုင်ကြားသူများအား ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်း မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။