Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Dec 2024

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင် ဦးဆောင်သောဝန်ထမ်း များသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် တောင်ငူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ ဖိုးကွန်းခန်းမတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Vinyl များကိုချိတ်ဆွဲ ပြသပါသည်။

17 Dec 2024

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိုကလေးမြို့၊ မြို့မဈေးတွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ဘဲဥများ ရောင်းချခဲ့ပါသည်။

17 Dec 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၃.၁၂.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်တွင် မျိုးစေ့ချ စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

17 Dec 2024

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဆေးမျိုးစုံ အရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

17 Dec 2024

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဒါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ဗျည်းညားရပ်ကွက်ရှိ ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနှင့်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages