Main menu

ဒေးဒရဲမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

          ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ဒေးဒရဲမြို့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။ 
         အဆိုပါဟောပြောွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာ၀န်ခံဦးသိန်း‌မောင်က စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက  စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်းနှင့်  စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)