သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်ဖြစ်သော ကြက်ဥ၊ ဘဲဥ ၊ ကြက်သားများ ရောင်းချပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၊ ဖျာပုံမြို့၊ အပြောင်ဈေးတွင် ကြက်သား၊ငါး၊ ကြက်ဥ၊ဘဲဥ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့မဈေးတာဝန်ခံရုံးရှေ့၊ မဟာဘောဂလမ်းပေါ်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့်မှ ဝန်ထမ်းများသည် (၄.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မအူပင်မြို့၊ ၁ရပ်ကွက်ရှိ မင်္ဂလာဈေး၊ အခွန်လွတ်ဈေး၊ မြို့မဈေးတို့တွင် ရောင်းချလျက်ရှိသော အသင့်စားမုန်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
(၄.၁၂.၂၀၂၄)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၂၀)ဦးနှင့် ရပ်ကွက်နေပြည်သူများအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့သည်။