သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ကြေညာချက်အမှတ်(၁၆/၂၀၂၄) ဖြစ်သည့် ပြည်တွင်းစားဆန်များ(ရွှေဘိုပေါ်ဆန်း/ဧရာဝတီပေါ်ဆန်း)တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက် အား အောက်ပါ PDF File တွင် ဖတ်ရှုနိုင်ပါသည်။

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်(၁၅း၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်တွင်းဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်သားမြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖ

စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငါန်းဇွန်မြို့တွင်(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၂၂.၁၁. ၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
