
MyRO တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံများ သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mmတွင် လစဉ်လဆန်း(၁)ရက်နေ့ မှ(၁၀)ရက်နေ့ အတွင်း သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန် လက်ကျန်စာရင်းများကို ထည့်သွင်းပေးနိုင်ရေး ဓနုဖြူမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်အတွင်း လုပ်ငန်းရှင်များအား ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၂၀.၂.၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်တာဝန်ခံနှင့် My RO လုပ်ငန်းရှင်(၃၀)ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဓနုဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံးရေ(၉၄)လုံး ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် ဆန်သိုလှောင်ရုံ (၃၀)လုံး အတွက် သက်တမ်းတိုးလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရေးကို သက်တမ်းတိုးပြည်မီနေ့သည့် လုပ်ငန်းရှင်များအား သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့်ကို လုပ်ငန်းရှင်ကိုယ်တိုင် သက်တမ်းတိုးဆောင်ရွက်ရန်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
