
စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၂)ဦး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူနှင့်အတူ ၂၀၂၆ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၁း၀၀) နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်ရှိ ကုန်မျိုးစုံ(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်ရှိ ကိုငယ် စတိုးဆိုင်၊ ရွှေရုပ်လွှာ ထက်စိုးရည်ကုန်စုံဆိုင်(၃)ဆိုင်တွင်ရောင်းချလျက်ရှိသော အစားအသောက် ကုန်စည်များနှင့် ဟင်းလျာ များတွင် အရောင်၊ အနံ့၊ အရေအတွက်သာ အသုံးပြုသော ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း အမျိုးအမည်၊ အရွယ်အစား အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသူအမည်နှင့် လိပ်စာဖော်ပြထားရှိမှု၊ ထုတ်ပိုးမှုအခြေအနေနှင့် စားသုံးရန်သင့်လျော်မှုတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
