သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၂၈.၃.၂၀၂၅ရက်နေ့တွင်မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး(၁)၊မြို့မရပ်ကွက်ရှိ OZONE စတိုးဆိုင် သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၂၈.၃.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ဦးမြင့်လွင် ( ကုန်စုံဆိုင် ) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှဦးဝင်းသိန်းဦး(ရုံးအုပ်)သည်၂၈.၃.၂၀၂၅ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်၊ (ဌာနခွဲစာရေး)သည် ၂၈.၃.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ်ကွက်အတွင်းရှိ ရွှေရှမ်း (ရေသန့်စက်ရုံ)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ဗီယက်နမ်လုပ်ငန်းများက အိန္ဒိယဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ၎င်းတို့၏ တည်ရှိမှုကိုတိုးချဲ့ရန် နယူးဒေလီမြို့တွင် ဗီယက်နမ်-အိန္ဒိယ စီးပွားရေးအစည်းအဝေးကို မတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် PHD ကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ် Ranjeet Mehta က ဗီယက်နမ်နှင့် အိန္ဒိယလုပ်ငန်း များအကြားကုန်သွယ်ရေးအလားအလာ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး၊ သတင်းအချက်အလက် နည်းပညာ၊ AI နှင့် စက်ရုပ်နည်းပညာတို့နှင့် ပတ်သတ်၍ အသားပ
