သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ်ရှိ မိဘမေတ္တာ၊ ရွှေဖလား ဆန်အရောင်းဆိုင်(၂)ဆိုင်သို့ ၁၄.၃.2025 (၁၅:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာန များမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိ ရ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean)သို့ ၁၄.၃.2025 (14:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ပုဇွန်တောင်မြို့နယ်အတွင်းရှိ အင်ကြင်းခိုင်၊ ထွန်းတောက်၊ စိန်သုံးလုံး၊ ဦးမြင့်နိုင်၊ တိုးတက်လင်း၊ မြတ်ချမ်းသာ၊ ဒို့ညီနောင်၊ အောင်သိဒ္ဓိစသည့် ဆန်အရောင်း ဆိုင် (၈)ဆိုင်သို့ ၁၁.၃.2025 (၁၃:3၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့စုံဖြင့် ဆန်ရေ

စားသုံးသူရေးရာဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ခွဲတာဝန်ခံ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်း (၂) ဦး သည် (၁၁-၃-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပုဇွန်တောင် ဈေး စည်ပင်မှဈေးတာဝန်ခံ ဦးစိုးနိုင် တို့နှင့် ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်း ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ဈေးကွက်အတွင်း ဆေးဆိုင်များတွင် ဆေးများရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများ ပြတ်လပ် ခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၊ အကြည်တော် အိမ်ယာ ရွှေအိုးဆေးဆိုင်အား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
