သတင်းနှင့် လှုပ်ရှားမှုများ
ခရမ်းမြို့နယ် ၊ မတ်လ (၁၃) ရက်

ခရမ်းမြို့နယ် ၊ မတ်လ (၁၃) ရက်

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိမှော်ဘီ မြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မှော်ဘီ မြို့မဈေးစည်ပင်သာယာရုံးခန်းမ၌ ဈေးသူ/ဈေးသားများအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အိုးတန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ် တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၁.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
