Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Mar 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

26 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။         

26 Mar 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဝယ်ယူရရှိစေနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ (၁၉-၁၁-၂၀၂၃) ရက်နေ့မှစ၍ ဖွင့်လှစ်ရောင်းချခဲ့ရာ ယခုအချိန်၌ (၄)လခန့်ရှိနေခဲ့ပြီဖြစ်ပါသည်။

26 Mar 2024

      ၂၀၂၄ခုနှစ်၊ မတ်(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများဖြစ်ကြသော  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

26 Mar 2024

      ၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်‌နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရတနာဦးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကိုထုတ်ပေးသည့် ယာဉ်မောင်း ဦးကျော်မြင့်၊  ယာဉ်အမှတ် 2G/4634 HINO မော်တော်ယာဉ်ဖြင့်  တင်ဆောင်လာသော စားအုန်းဆီ ၁ပေပါလျှင် ပိဿာ ၁၁၀ပါသည့် စားအုန်းဆီ ၉၃ပေပါရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီ

Pages