Main menu

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ အောင်ရတီအာလူးကြော်လုပ်ငန်းသို့ ကွင်းဆင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် မျော်မှန်းချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၀ရက်နေ့ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရှိ အောင်ရတီအာလူးကြော်လုပ်ငန်းသို့ သွားရောက်ပြီး ပိုင်ရှင်ဦးမင်းဇော်ထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

    အောင်ရတီအာလူးကြော်လုပ်ငန်းကို ၂၀၁၉ခုနှစ်က ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (၇၅)သိန်းကျော် ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ ကုန်ကြမ်းအာလူးများကို မန္တလေးမြို့မှ အများဆုံးဝယ်ယူပြီး ကုန်ချော အာလူးကြော်များကို ရန်ကုန်၊ မန္တ‌လေး၊ ကျောက်ဆည်မြို့များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း၊ လုပ်သားအင်အားအမျိုးသမီး()ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပြီး တစ်ဦးလျှင် တစ်လ(၃)သိန်းကျပ်မှ (၄)သိန်းကျပ်ထိ ပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်း အာလူးပိဿာ (၂၈၀)ခန့်နှင့် စားအုန်းဆီပိဿာ(၄၀)ခန့်ကို အသုံးပြု၍ကြော်ရကြောင်း၊ တစ်လလျှင် (၂)ရက်နားပြီး (၂၈)ရက်လုပ်ငန်းများဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းအာလူးပိဿာ (၂၈၀)ကြော် လျှင် ကုန်ချောအာလူးကြော်ပိဿာ (၅၀)ကျော်ထွက်ရှိကြောင်း၊ အာလူးကြော် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အထုပ်များ၊ ဘူးများဖြင့်လည်းကောင်း ရောင်းချကြောင်း အောင်ရတီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ စစ်ကိုင်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)